Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၃ ထုတ်ပြန်

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၃ ထုတ်ပြန်

၂၀ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို တရားဝင်ဖြစ်အောင် အတင်းအဓမ္မ ဆောင်ရွက်နေတဲ့အတွက် စစ်အုပ်စုအလိုကျအတိုင်းမဖြစ်ပေါ်ရအောင်ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၃ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ထိရောက်စွာ တုံ့ ပြန်အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီမြို့မှာ ကျေးရွာနေလူတချို့ကိုခေါ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဟောပြောတာတွေ၊ စာရင်းကောက်ခိုင်းတာတွေ လုပ်နေတယ်လို့ သိထားရတဲ့အပြင် စည်းရုံးနေတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့စာရင်းကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ တနင်္သာရီမြို့နယ်ထဲက ဘန်လော၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ကျွဲထိန်းကုန်း၊ သကျက်၊ ထုံးတော်၊ ကျွဲထိန်းကွင်း၊ ညောင်ပင်ကွင်းအရှေ့/အနောက်၊ ပျို့အိုင်၊ ထုံမခါ၊ သဘောလိပ် စတဲ့ရွာတွေမှာ လူဦးရေ အိမ်ထောင်စုစာရင်းကို စက်တင်ဘာလတတိယအပတ်နောက် ဆုံးထားပြီး ကောက်ခံကာ စာရင်းပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပူးပေါင်းပါဝင်ဖို့ စည်း ရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ တုံ့ပြန်အရေးယူဆောင်ရွက်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- မြိတ်ခရိုင် တပ်ရင်းတခု စစ်ကြောင်း ထွက်နေသည့် မြင်ကွင်း(ပုံဟောင်း)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး