Homeပြည်တွင်းသတင်းမန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိလာ

မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိလာ

၂၉ မတ်၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးတခုတည်းမှာပဲ သေဆုံသူ ၆၉၄ ဦး အထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် မနက် ၁၀ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ မန္တလေးတိုင်းထဲမှာပဲ ၁၆၇၀ ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၆၈ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လှုပ်ခတ်တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

Related News

Most Read