Homeပြည်တွင်းသတင်းနှစ်သစ်အကြိုရက်မှာ သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

နှစ်သစ်အကြိုရက်မှာ သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

၃၁ ဒီဇင်ဘာ ၂၀၂၅

အာရက္ခတပ်တော်ထိန်းထားတဲ့သံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို ဒီဇင်ဘာလ ၃၁ ရက်၊ နယူးရီးယား အကြိုညနေစောင်း ၇ နာရီ ၂၈ မိနစ်အချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဲဒိီလို တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်နေပြီး အထိအခိုက်၊ သေဆုံးမှုတွေကို လောလောဆယ် မသိရသေးပါဘူး။

Photo-AA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး