Homeပြည်တွင်းသတင်းတရုတ်ကောင်းကြောင်း ဝါဒဖြန့်ပေးဖို့ စစ်အုပ်စုခန့် သတင်းမီဒီယာကောင်စီကို တရုတ်သံအမတ်ပြော

တရုတ်ကောင်းကြောင်း ဝါဒဖြန့်ပေးဖို့ စစ်အုပ်စုခန့် သတင်းမီဒီယာကောင်စီကို တရုတ်သံအမတ်ပြော

၂၉ မေ ၂၀၂၆ | New Day Myanmar

တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာလာစေဖို့အတွက် မှန်ကန်တဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ပြန်လည်မျှဝေပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်မစ္စမာကျားက စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြောကြားလိုက်ပါတယ်။

မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်မှာ ပြုလုပ်တဲ့ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲအတွင်း အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ နိုင်ငံပုံရိပ်တည်ဆောက်ရေး၊ နှစ်နိုင်ငံပြည်သူတွေအကြား အပြန်အလှန်နားလည်ယုံကြည်မှု တိုးမြှင့်ရေးနဲ့ ပေါက်ဖော်ချစ်ကြည်ရေး ဆက်လက်ထိန်းသိမ်းရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုခန့်ထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးကတော့ အခုလို တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွေ ပြုလုပ်တာဟာ မီဒီယာအချင်းချင်း နားလည်မှုတွေ ပိုမိုတိုးတက်လာစေမှာဖြစ်သလို သတင်းအချက်အလက်တွေကိုလည်း မှန်ကန်တိကျစွာ ဖလှယ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်အရေး လေ့လာသုံးသပ်သူ တဦးကတော့ ” မှန်ကန်တယ်ဆိုတာ တရုတ်ကောင်းကြောင်း ဝါဒဖြန့်ခိုင်းတဲ့ သဘောပါပဲ။ သူတို့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝါဒဖြန့်တဲ့ လုပ်ရပ်တွေအတွက် မီဒီယာ ကနေ ဝါဒဖြန့်ခိုင်းတာပါပဲ။”လို့ New Day Myanmar ကိုပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး