Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်က ကမ္ဘောဒီးယား၊ လာအိုဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ရှင်းပြ

စစ်ခေါင်းဆောင်က ကမ္ဘောဒီးယား၊ လာအိုဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ရှင်းပြ

၇ နိုဝင်ဘာ၊ ၂၀၂၄

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံပြီး မြန်မာ့ပြည်တွင်းရေးအခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နဲ့ အဖွဲ့ဝင်တွေကို Green Lake ဟိုတယ်မှာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နဲ့ အဖွဲ့ဝင်တွေကို HUALUXE Kunming ဟိုတယ်မှာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဆီယံအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုတာကို မလိုက်လျောခဲ့တဲ့အတွက် စစ်ကောင်စီ အနေနဲ့ ၂၀၂၁ အောက်တိုဘာလထဲက အာဆီယံအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံထားရပါတယ်။

Photo – CINCDS

Related News

Most Read