Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC စုံစမ်းစစ်ဆေးမှုတွေမှာ ဆက်လက်ပူးပေါင်းမယ်လို့ IIMM ဆို

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC စုံစမ်းစစ်ဆေးမှုတွေမှာ ဆက်လက်ပူးပေါင်းမယ်လို့ IIMM ဆို

၂၉ နိုဝင်ဘာ၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း IIMM က ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင်ခန် က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးရှိသူကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခြင်းဟာ ဥပဒေအထက်မှာ ဘယ်သူမှ ရှိမနေဘူးဆိုတာ ပြစ်မှုကျူးလွန်သူတွေကို သတင်းစကားပါးလိုက်တာဖြစ်တယ်လို့ IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန်က ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေအတွက် အထောက်အထားတွေနဲ့စိစစ်သုံးသပ်ချက်တွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ICC တရားလိုရှေ့နေရုံးကို မျှဝေပေးပြီး ICC နဲ့ IIMM က အတူပူးပေါင်းဆောင်ရွက်နေတယ်လို့ IIMM က ပြောဆိုပါတယ်။

Photo – Screen Capture from IIMM

Related News

Most Read