Homeပြည်တွင်းသတင်းစစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေ

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေ

၁၁ မေ၊၂၀၂၅

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ကမြို့နယ်တွေကို မေလ ၁၁ ရက် ဒီကနေ့မှာ လေကြောင်း တိုက်ခိုက် မှုတွေလုပ်ဆောင်နေတယ်လို့ WetletInformational NetWork ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်း တနေရာကို တံတားဦးတက် Y-12 ဗုံကျဲလေယာဉ် ၁စီး နဲ့ မေလ ၁၁ ရက် ၁၁ နာရီ ၄၉မိနစ်မှ ၁၂ နာရီ ၃၇ မိနစ် အတွင်း ဗုံသီး ၃၃ချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မှာပဲ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်း တနေရာကို မိတ္ထိလာတက် J-Frighter ၁စီး နဲ့ မနက်ပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ၁ကြိမ် ပြုခဲ့ပြီး ပြည်သူ ၄ဦးထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာ အနောက်ဘက်ကို တံတားဦးတက် J-Frighter ၁စီးနဲ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု ၁ကြိမ် ပြုခဲ့ပြီး နွား ၂ကောင် သေဆုံးပြီး ပြည်သူ ၃ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဝက်လက်မြို့နယ် အနောက်ခြမ်းကို တံတားဦးတက် J-Frighter ၁စီး နဲ့ မနက် ၇ နာရီအချိန်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုခဲ့ရာ ပြည်သူ ၂ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ : WetletInformational NetWork

Related News

Most Read