Homeပြည်တွင်းသတင်းကုလကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို ICC ကဖမ်းဝရမ်းထုတ်နိုင်ရင် တရားမျှတမှုတည်ဆောက်နိုင်မယ်လို့ ထုတ်ပြော

ကုလကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို ICC ကဖမ်းဝရမ်းထုတ်နိုင်ရင် တရားမျှတမှုတည်ဆောက်နိုင်မယ်လို့ ထုတ်ပြော

၁၇ ဒီဇင်ဘာ၊ ၂၀၂၄

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsက မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရင် တရားမျှတမှု တည်ဆောက်နိုင်မယ်လို့ ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာရာဇ၀တ်တရားရုံး ICC က ရှေ့နေချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ ဆုံးဖြတ်ချက်မှာ တရားမျှတမှုကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး စစ်ခေါင်းဆောင်ဟာ ရိုဟင်ဂျာတွေနဲ့ပတ်သတ်တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိနေတဲ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်လည်း တာဝန်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။

“တရားမျှတမှုအတွက် လက်လွတ်မခံနိုင်တဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကျွန်တော်ကတော့ နောက်ထပ် ဝရမ်းတွေအတွက် ထပ်လျှောက်ထားဖို့လည်း အားပေးချင်ပါတယ် အမြန်ဆံးုဖမ်းဝရမ်းထုတ်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ သူ့ကို ဖမ်းဆီးပြီး အရေးယူဖို့အရေးကြီးပါတယ်” လို့ Tom Andrews က ပြောဆိုပါတယ်။

“မင်းအောင်လှိုင်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအတွက်ပဲ စွဲဆိုခံထားရတာမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်လည်းအပြစ်ရှိပါတယ်။ သူ့ကို တားဆီးပြီး အရေးယူရပါမယ်” လို့ သူက ဆက်ပြီး ပြောဆိုသွားပါတယ်။

ICC တရားရုံးမှာ စစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာတောင်းဆိုမှုတွေဟာ မြင့်တက်နေပြီး ၀ရမ်းထွက်လာပါက ဗြိတိန်အစိုးရနဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီးပေးဖို့ ဖမ်းဆီးပေးဖို့ ဗြိတိန်လွှတ်တော် အမတ် ၆ ဦးက ဒီဇင်ဘာလ ၉ ရက်မှာ အဆိုတင်သွင်းထားပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံး ICC က စစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်ထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း အခိုင်အမာကြိုဆိုထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကလည်း ရိုဟင်ဂျာတွေကို နိုင်ငံတွင်းက နှင်ထုတ်ပြီး အကြမ်းဖက် ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမျတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုအပေါ် ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

Photo – UN Geneva

Related News

Most Read