ပုဒ်မ၅၀(ည)ဖြင့် ထောင်ဒဏ်(၁၅)နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးပသံသိယ(ခ)ဦးဇာနည်အောင်ဟာ မနေ့ ဇူလိုင် (၂၅)ရက် ညနေ(၄)နာရီအချိန်မှာမန္တလေးမြို့အိုးဘိုထောင်အတွင်းမှာပျံလွန်တော်မူခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM) ကအသိပေးဖော်ပြထားပါတယ်။
ယခု ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးကြောင့် အကျဉ်းထောင်အတွင်းသေဆုံးခဲ့ရတဲ့ နိုင်သံရေးအကျဉ်းသားဟာ ဦးပသံသိယ(ခ)ဦးဇာနည်အောင် အပါအဝင်(၁၇)ဦးအထိ ရှိလာပြီလို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ဦးပသံသိယ(ခ)ဦးဇာနည်အောင်ဟာ သက်တော်(၃၆)နှစ်၊ဝါတော်(၁၆)ဝါရှိသူဖြစ်ပြီး၊၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့မှာမန္တလေးမြို့မှာရှိတဲ့ ပုဂံကျောင်းတိုက်မှာဖမ်းဆီးခံရပြီးနောက် ပုဒ်မ၅၀ (ည)နဲ့အမှုဖွင့် ထောင်ချမှတ်ခံထားရသူ ဆရာတော်တစ်ပါးဖြစ်ပါတယ်။
ဦးပသံသ်ိယ(ခ)ဦးဇာနည်အောင်ဟာကင်ဆာရောဂါကို ခံစားနေရသူတစ်ဦးဖြစ်ပြီး မကြာခဏဆေးရုံတက်နေရသူတစ်ဦးလည်းဖြစ်ကာ ဇူလိုင်လ(၂၅)ရက်နေ့ညနေ(၄)နာရီခွဲအချိန်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)


