Homeပြည်တွင်းသတင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ပြီလို့ သတင်းဖြန့်

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ပြီလို့ သတင်းဖြန့်

၂၃ ဇူလိုင် ၂၀၂၃

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်း ချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်‌စာ မျက်နှာတွေကနေ သတင်းဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

စစ်ကောင်စီက သပိတ်ကျင်းမြို့ကို သိမ်း ယူထားတယ်ဆိုတဲ့သတင်းအတွက် ထုတ်ပြန်ထားတာမရှိသေးသလို အဲ့ဒီဒေသကို ထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကလည်းထုတ်ပြန်အသိပေးထားတာ မတွေ့ရသေးပါဘူး။

မနေ့က ဇူလိုင် ၂၂ရက် ညပိုင်းမှာ သပိတ်ကျင်းမြို့မှာရှိတဲ့ မြိုဦးတောင်ဘုရားကုန်း ၊ ဆေးရုံနဲ့ မြို့တော်ခန်းမ စတဲ့နေရာတွေကို စစ်ကောင်စီတပ်က ပြန်လည် သိမ်း ယူနိုင်ခဲ့တာဖြစ်ပြီး ၊ဒီနေ့ ဇူလိုင် ၂၃ရက် မွန်းလွဲပိုင်းမှာ မြို့လုံးကျွတ် သိမ်းပိုက်နိုင်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ သပိတ်ကျင်းမြို့ကို သိမ်းယူတာဟာ မိုင်၅၀ သာ ဝေးတဲ့မိုးကုတ်ကိုထပ်မံသိမ်းယူဖို့ ခြေကုတ်ယူတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

သပိတ်ကျင်းမြို့ သိမ်းယူခံရတာနဲ့ပတ် သက်လို့ ပြည့်သူကာကွယ်ရေးတပ် (မန္တလေး)ဆီကိုNew Day Myanmar အနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြင်ဦးလွင်ခရိုင်ထဲက သပိတ်ကျင်း၊ မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို ၂၀၂၄ ခု နှစ်လယ်လောက်က ရှမ်း-မန်း စစ်ဆင်ရေးအနေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ပုံစာ- သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်း ယူပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များ (ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး