ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယပိုင် ကတ်ရှမီးယား ဒေသမှာ အိန္ဒိယ ခရီးသွား ၂၆ ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံအကြားတင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါတယ်။
အိန္ဒိယက အဲ့ဒီတိုက်ခိုက်မှုကို ပါကစ္စတန်က ပြုလုပ်တယ်လို့ စွတ်စွဲထားပြီး ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကို ပိတ်ပစ်တာ၊ ပါကစ္စတန် သံအရာရှိတွေကို နှင်ထုတ်တာမျိုးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်း ပါကစ္စတန် က အိန္ဒိယလေကြောင်းလိုင်းတွေကု သူတို့ လေပိုင်နက်ကနေပိတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက် အိန္ဒိယနိုင်ငံကလည်း ၁၉၆၀ ခုနှစ်အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။
ကတ်ရှမီးယား ဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ပိုင်းခြားပိုင်ဆိုင်တာဖြစ်ပြီး တင်းမာမှုတွေအပြီး ဧပြီ ၂၄ ရက်နေ့မှာတော့ ပါကစ္စတန် စစ်သားတွေဟာ ကက်ရှ်မီးယားမှာရှိတဲ့ အိန္ဒိယ စစ်တပ်တွေ ဖြန့်ကျက်ထားရာ နေရာတစ်ခုကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဒီီီီီီီီီနေ့မှာလည်း နှစ်နိုင်ငံတပ်ဖွဲ့တွေအကြား လက်နက်ငယ်တွေ နဲ့ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
ကုလသမဂ္ဂကတော့ နှစ်နိုင်ငံလုံး ပြဿနာတွေ ပိုကြီးမလာအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ အကြမ်းဖက်သမားတွေကို ရေမြေအဆုံးလိုက်လံတိုက်ခိုက်မယ်လို့ ပြောထားပါတယ်။
ဓါတ်ပုံ – ရိုက်တာ