Homeပြည်တွင်းသတင်းမြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို ယူဖို့ အိန္ဒိယလွှတ်တော်မှာ အဆိုတင်

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို ယူဖို့ အိန္ဒိယလွှတ်တော်မှာ အဆိုတင်

၁၁ မတ်၊ ၂၀၂၅

မြန်မာနိုင်ငံပိုင်နက်ထဲတွင်ပါဝင်တဲ့ ကဘော်ချိုင့် ဝှမ်းကို အိန္ဒိယက ပြန်လည်ရယူဖို့ အဆိုတစ်ခုကို အိန္ဒိယအထက်လွှတ်တော်မှာ အထက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ Sanajaoba Leishembaက တင်သွင်းခဲ့ကြောင်း အိန္ဒိယသတင်းမီဒီယာတချို့မှာ ဖော်ပြထားသည်။

အထက်လွှတ်တော်အမတ် Sanajaoba Leishemba က ကဘော်ချိုင့်ဝှမ်းဒေသသည် လက် ရှိအိန္ဒိယပိုင်နက်ဖြစ်တဲ့ မဏိပူရရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး စတုရန်းကီလိုမီတာ (၂၂၂၁၀) ကျယ်ဝန်းကြောင်း၊ ၁၉၅၃ ခုနှစ် မတ် လ ၃ ရက်နေ့မှာ မြန်မာဝန် ကြီးချုပ်ဦးနုနဲ့ တွေ့ဆုံစဉ် အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီး ချုပ် ဂျဝါဟာလာ နေရူးက ကဘော်ချိုင့်ဝှမ်း(ယခုမြန်မာပိုင်နက်)ကို လက်ဆောင်ပေခဲ့ကြောင်း၊ မဏိပူရပြည်နယ်အစိုးရ ရဲ့ သဘောတူညီချက်မရယူဘဲ နေရူးက ကဘော်ချိုင့်ဝှမ်းကို မြန်မာကို ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မဏိပူရသမိုင်းမှာ အမှောင်ဆုံးနေ့ဖြစ်ကြောင်း စတဲ့ အချက်အလက်တွေနဲ့ အထက်လွှတ်တော်မှာ ကဘောချိုင့်ဝှမ်းကို မဏိပူရကို ပြန်လည်လက်ခံရေး အတွက် အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသဟာ တမူးမြို့နယ်အတွင်းပါ ရှိပြီးစစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင် တည်ရှိတဲ့ ကုန်းမြင့်ချိုင့်ဝှမ်းတခု ဖြစ်ကာအိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရဲ့နယ်နိမိတ်နဲ့နီးကပ်စွာ တည်ရှိတဲ့ အပြင် ဒေသအတွင်း Meitei (ကသဲလူမျိုးနဲ့ Paona) ၊Thadou လူမျိုး, Kuki လူမျိုး၊ မီဇိုလူမျိုး၊ Kadu လူမျိုး နဲ့ Kanan လူမျိုးစတဲ့ တိုင်းရင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။

Related News

Most Read