Homeပြည်တွင်းသတင်းငလျင်ကြောင့် ဘန်ကောက်က စာရင်းစစ်ချုပ်ရုံး ပြိုကျမှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဘတ် ၂ သန်းအထိ နစ်နာကြေးပေးမည်

ငလျင်ကြောင့် ဘန်ကောက်က စာရင်းစစ်ချုပ်ရုံး ပြိုကျမှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဘတ် ၂ သန်းအထိ နစ်နာကြေးပေးမည်

၈ ဧပြီ၊ ၂၀၂၅

ထိုင်းနိင်ငံ ဘန်ကောက်မြို့က စာရင်းစစ်ရုံး အဆောက်အဦးပြိုကျမှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေကို ဘတ် ၂သန်းအထိ နစ်နာကြေးပေးအပ်သွားမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

နစ်နာကြေးပေးအပ်ရာမှာလည်း ထိုင်း၊ မြန်မာ ရွေ့ပြောင်းလုပ်သားဆိုပြီးခွဲခြားမှာမဟုတ်ဘူးလို့ ငလျင်ကြောင့် ထိခိုက်ထားရတဲ့ အလုပ်သမားတွေအတွက် ညှိနှိုင်းရေးနဲ့ ကူညီစောင့်ရှောက်ရေးစင်တာကိုသွားရောက်စဉ်မှာ အမြဲတမ်းအတွင်ဝန် Boonsong Thapchaiyuth ကပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေက နစ်နာကြေး၊ လျော်ကြေးငွေ တောင်းခံလွှာတွေကို ၁၅ ရက်အတွင်းတင်ပြရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆေးကုသစရိတ်တွေကို အလုပ်သမားဝန်ကြီးဌာနနဲ့ လူမှုဖူလုံရေးတို့က ပူးတွဲတာဝန်ယူပေးမှာဖြစ်သလို ဆေးကုသနေစဉ်နဲ့ ငလျင်ကြောင့် အလုပ်လက်မဲ့ဖြစ်သူတွေကို တလကို ဘတ် ၇၅၀၀ နဲ့ ၆ လပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စာရင်းစစ်ရုံး အဆောက်အဦးပြိုကျမှုမှာ သေဆုံးသူ ၁၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦးရှိနေတာလည်းဖြစ်ပါတယ်။

ဓါတ်ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read