Homeပြည်တွင်းသတင်းမြို့အင်္ဂါရပ်နဲ့မညီဟုဆိုကာ ကျုံးဘေးမှာယာယီနေထိုင်တဲ့ ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီရွှေ့ခိုင်း

မြို့အင်္ဂါရပ်နဲ့မညီဟုဆိုကာ ကျုံးဘေးမှာယာယီနေထိုင်တဲ့ ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီရွှေ့ခိုင်း

ဧပြီ၊ ၂၀၂၅

မန္တလေးမြို့ ကျုံးဘေးမှာ ယာယီခိုလှုံနေတဲ့ ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက မြို့အင်္ဂါရပ်နဲ့မညီလို့ဆိုပြီး နေရာပြောင်းရွှေ့ခိုင်းတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းက New Day Myanmar ကိုပြောပါတယ်။

ဧပြီ ၅ ရက်နေ့ကတည်းက စစ်ကောင်စီကနေရာရွှေ့ပြောင်းခိုင်းတာဖြစ်ပြီး မန္တလေးတောင် ဘက်ရှိ ဇရပ်ဘက်ကိုရွှေ့ခိုင်းထားတာလို့သိရပါတယ်။

“မနေ့ကတည်းက ရွှေ့ခိုင်းတာ။ ဇရပ်လိုဟာဘက်ကို။ ကျုံးဘက်မှာက လူတွေအများကြီးပဲလေ။ပြွတ်သိပ်နေတာပဲ။ ဘယ်လိုမှအဆင်မပြေဘူး။ သူတို့က မပြောင်းရင် သေနတ်နဲ့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်။ မြို့အင်္ဂါရပ်နဲ့မညီလို့တဲ့” လို့ဒေသခံပရဟိတလူမှုကူညီရေးအသင်းမှာ ကူညီဆောင်ရွက်ပေးနေသူ တဦးက New Day Myanmar ကိုပြောပါတယ်။

အင်အားပြင်းငလျင်ကြောင့် နေအိမ်ပြိုသွားသူတွေ၊ ငလျင်ကြောင့် နေအိမ်ထဲမှာ မနေရဲတဲ့သူတွေဟာ ကျုံးဘေးမှာ ယာယီခိုလှုံနေရတာဖြစ်ပါတယ်။ တချို့သော ဒုက္ခသည်တွေဟာ မိုးထဲလေထဲမှာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ – ငလျင်ဘေးကြောင့် မန္တလေးမြို့ကျုံးဘေးတွင် ယာယီနေထိုင်နေရသူများကို ဧပြီ ၂ ရက်က တွေ့စဉ်

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး