Homeပြည်တွင်းသတင်းကချင်အထူးဒေသ ၁ တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ

ကချင်အထူးဒေသ ၁ တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ

၂၁ နိုဝင်ဘာ၊ ၂၀၂၄

ကချင်အထူးဒေသ ၁ ၊ တရုတ်မြန်မာနယ်စပ်က ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ ၂၀ရက် ညပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းထဲက တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာ အပြီးသိမ်းနိုင်တာ ဖြစ်ကြောင်း ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။ ကန်ပိုက်တီကို သိမ်းယူပြီးနောက်မှာ စစ်ကောင်စီလေတပ်က အင်ဂွမ်လက တပ်မဟာ(၁)နဲ့ တပ်မဟာ (၁) အောက်က တပ်ရင်း(၇)နယ်မြေတွေကို လေကြောင်းက လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ကန်ပိုက်တီမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တပ်စခန်းကို စွန့်ခွာပြီး နယ်စပ်ဂိတ်ဘက်ပြေးသွားသလို ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကန်ပိုက်တီကို မသိမ်းယူဖို့ တရုတ်က ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပေမယ့် နောက်ဆုံးမှာ KIA နဲ့ ပူးပေါင်းတပ်တွေက တရုတ်မြန်မာနယ်စပ်မြို့အကုန်ကို သိမ်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ တရုတ်ဘက်က ကန်ပိုက်တီအပါအဝင် နယ်စပ်ဂိတ်တွေက ကုန်စည်စီးဆင်းမှုတွေကို အောက်တိုဘာ ၂၀ရက်ထဲက ပိတ်ဆို့ကြောင်း တရားဝင်ကြေညာထားပါတယ်။

ကန်ပိုက်တီဟာ ဦးဇခုန်တိမ့်ယိမ်းရဲ့ အထူးဒေသ ၁မှာ KIA နဲ့ မဟာမိတ်တွေ သိမ်းယူဖို့လိုတဲ့ တစ်ခုတည်းသော နယ်စပ်မြို့ဖြစ်သလို ချီဖွေ၊ ဆော့်လော်၊ ပန်ဝါ၊ ကန်ပိုက်တီဒေသတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်းပိုင်းကစပြီး တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read