Homeပြည်တွင်းသတင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်ဇော်ကို ကျန်းမာရေးမကောင်းတော့မှ လွတ်ငြိမ်းခွင့်ပေးကြောင်း သတင်းတွေထွက်ပေါ်

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်ဇော်ကို ကျန်းမာရေးမကောင်းတော့မှ လွတ်ငြိမ်းခွင့်ပေးကြောင်း သတင်းတွေထွက်ပေါ်

၆ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ သတိလစ်သွားပြီး အောက်တိုဘာလ ၆ ရက် ညနေထိ သတိပြန်လည်မလာဘဲ မန္တလေးဆေးရုံကြီး ICUထဲမှာ ကုသမှု ခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်လာဖတ်ပြသွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး မိသားစုဝင်နဲ့ အကျဉ်းဦးစီးဌာနက အတည်ပြုပေးခြင်းတော့မရှိသေးပါဘူး။

အောက်တိုဘာလ ၅ ရက် နေ့လည်ထဲက မန္တလေး ပြည်သူ့ဆေးရုံ ICU မှာ အောက်ဆီဂျင်ပိုက်နဲ့ ထားထားတယ်။ သွေးတွင်းအောက်ဆီဂျင်ထိုးကျပြီး အသက် သိပ်မရှူနိုင်သေးဘဲ အောက်ဆီဂျင်တက်မလာတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ဒေါက်တာ‌ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး ကင်ဆာကုသမှု ခံယူနေရသူဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၈၈ ခုနှစ် အရေးအခင်းကာလမှာထဲက ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရပြီး ပြည်သူ့အစိုးရလက်ထက်မှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်နဲ့ မန္တလေးတိုင်းတစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo – Chair NLD

ဆက်စပ် သတင်းများ

Most read