Homeပြည်တွင်းသတင်းကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေအစီရင်ခံစာအပေါ် Deputy High Commissionerရဲ့ ဆွေးနွေးမှုကို NUG ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်

ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေအစီရင်ခံစာအပေါ် Deputy High Commissionerရဲ့ ဆွေးနွေးမှုကို NUG ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်

၂၅ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာလ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက်အစည်းအဝေးမှာ OHCHR ရဲ့ အစီရင်ခံစာအပေါ် Deputy High Commissioner Ms. Nada Al-Nashif ရဲ့ ဆွေးနွေးမှုကို မြန်မာပြည်သူတွေကိုယ်စား ထောက်ခံကြိုဆိုတယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ Ms.Nada Al-Nashif က “မြန်မာနိုင်ငံကပြည်သူတွေဟာ ဆင်းရဲဒုက္ခတွင်းမှာ ဆက်ပြီး နစ်မြုပ်နေတယ်”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို OHCHR က စာရင်းပြုစုထား ကြောင်း၊ ယာဂီမုန်တိုင်းအပြီးမှာတောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီက ပိတ်ပင်တား မြစ်တာတွေကို ရှိနေကြောင်း၊ စစ်မှုထမ်း ဥပဒေ အတွက် မြန်မာလူငယ်များကို အတင်းအကြပ်ဖမ်းဆီးပြီး စေခိုင်းနေကြောင်းနဲ့ အမျိုးသမီးတွေနဲ့ LBGTI တွေအပေါ် မတရားဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း လုပ်ဆောင်နေကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

OHCHR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံချက် (A/HRC/57/56) မှာ ဒီလို ရာဇ၀တ်မှုတွေကို အသေးစိတ် ဖော်ထုတ်ထားပြီး မောင်တောမြို့နယ်နဲ့ အနီးတစ်ဝိုက်ဒေသတွေက ထိတ်လန့်ဖွယ်သတင်း တွေအကြောင်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားလူနည်းစုအသိုင်းအဝိုင်းတွေအပေါ် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုအသစ်တွေ လုပ်လာနိုင်တယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ Ms. Al-Nashif က စစ်အစိုးရကို ကူညီပံ့ပိုးမှုတွေ ဆက်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုတာကို NUG က ကြိုဆိုထောက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံလုံခြုံရေးအခြေအနေတွေကို ICC ကို လွှဲပြောင်းပြီး ICJ နဲ့အတူ တရားမျှတမှုရဖို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ NUG က ဆိုပါတယ်။

OHCHR၊ IIMM ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့နဲ့အတူ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့် အစီရင်ခံသွားပြီး မြန်မာနိုင်ငံကို လာရောက်စုံစမ်းနိုင်အောင် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေကို မြန်မာ့အရေး ပိုပြီး အာရုံစိုက်ဖို့ တွန်းအားပေးခဲ့တဲ့ ကုလလူအခွင့်အရေး ကောင်စီရဲ့ မဟာမင်း ကြီး Turk ၊ ဒုတိယမဟာမင်းကြီး Al- Nashif နဲ့ OHCHR မြန်မာအဖွဲ့တို့ကို ကျေးဇူးတင်တယ်လို့ NUG က ပြောဆိုပါတယ်။

ပုံစာ – စက်တင်ဘာ ၂၄ က ၅၇ ကြိမ်မြောက်ကုလလူ့အခွင့်အရေးကောင်စီမှာ Ms. Nada Al Nashif မြန်မာ့အရေး ဆွေးနွေးစဉ်

Photo – Screengrab from UNOG newsroom

ဆက်စပ် သတင်းများ

Most read