Homeပြည်တွင်းသတင်းဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ စစ်ကောင်စီက သေဒဏ်ပေးမဲ့အန္တရာယ်ရှိနေတယ်လို့ NUG ပြောဆို

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ စစ်ကောင်စီက သေဒဏ်ပေးမဲ့အန္တရာယ်ရှိနေတယ်လို့ NUG ပြောဆို

၂၄ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှုတွေ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေ တာ ကြောင့် အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ တခြားတက်ကြွလှုပ်ရှားသူတွေအတွက်လည်း အန္တရာယ်ရှိနေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကွပ်မျက်မှုတွေဟာ ထောင်တွင်းတံခါးပိတ် တရားစီရင်ချက်တွေက ချမှတ်တဲ့သေဒဏ်တွေ ဖြစ်ပြီး တရား မျှတမှုမရှိသလို လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ စစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်မှုသာ ဖြစ်တယ်လို့ NUG – MOHR က ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ ဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ လှမျိုးအောင်နှင့် အောင်သူရ ဇော်တို့ကို ထောင်တွင်းမှာ ကွပ်မျက်ခဲ့ပြီး နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ကြိုးပေးကွပ် မျက်ခံရသူတွေ ဖြစ်ပါတယ်။

အခုလက်ရှိ အင်းစိန်ထောင်အတွင်းမှာ အင်းစိန်ထောင်ကို ဗုံးဖောက်ခွဲဖို့ ကြိုးစား တယ်ဆိုတဲ့စွဲချက်နဲ့ ကျား ၁ ၊ မ ၁ ၊ မြို့ပတ်ရထားပေါ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်ကို သတ်မှုမှာ ပါဝင်ပတ်သတ်နေတယ်ဆို တဲ့စွဲချက်နဲ့ ကျား ၄ ၊ မ ၁ စုစုပေါင်း ၇ ဦးကို ကြိုးပေးကွပ်မျက်ဖို့ စစ်ကောင်စီအသိုင်းအဝိုင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ချကွပ်မျက်တာကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) ကလည်းကန့်ကွက်စာပို့ခဲ့သလို UN ရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ် သောစုံစမ်းစစ် ဆေးရေးယန္တရား (IIMM)ကလည်း တရားမျှတမှုမရှိဘဲ တရားစီရင်မှုရဲ့အခြေခံလိုအပ်ချက်တွေနဲ့ မကိုက်ညီတဲ့ သေဒဏ်ချမှတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုမြောက်တယ်လို့ စက်တင်ဘာလ ၂၃ ရက် မနေ့က ကြေညာပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အပြည့်အဝပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာ လေးပွင့်ဆိုင်အစည်းအဝေးကို အမြန်ဆုံးကျင်းပဆုံးဖြတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို NUG က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read