Homeပြည်တွင်းသတင်းရမခ သိမ်းပိုက်ခံရပြီး ၁ လပြည်တဲ့ ရက်မှာ ရပခ ကို မင်းအောင်လှိုင်သွားရောက်

ရမခ သိမ်းပိုက်ခံရပြီး ၁ လပြည်တဲ့ ရက်မှာ ရပခ ကို မင်းအောင်လှိုင်သွားရောက်

၄ စက်တင်ဘာ၊ ၂၀၂၄

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျဆုံးပြီး တလခန့်အကြာမှာပဲ မနေ့က စက်တင်ဘာ ၃ ရက်မှာ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ကို သွားရောက်ပြီး လုံခြုံရေးကိစ္စတွေ စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တောင်ကြီး ခရီးစဉ်ကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့လည်း အတူလိုက်ပါခဲ့ပါတယ်။

စစ်ခေါင်းဆောင်က တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နဲ့ တခြား ပြည်နယ်အဆင့်အရာရှိတွေကို လုံခြုံရေးနဲ့ပတ်သတ်တဲ့ သတင်းတွေကို အဆက်မပြတ် ရယူဖို့နဲ့ ပအိုဝ်းပြည်သူ့စစ်ဟာဟာ စစ်တပ်နဲ့အတူ လုံခြုံရေးဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ရပခ အပြင် တောင်ကြီးမြို့၊ စပ်စံထွန်း ပြည်သူ့ ဆေးရုံကို သွားခဲ့သလို စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်နယ်က ဌာနဆိုင်ရာ အရာရှိတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံပါတယ်။ စစ်ခေါင်းဆောင် တောင်ကြီးကိုရောက်ရှိနေချိန်မှာ တောင်ကြီးမှာ လုံခြုံရေးအထူးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကိုးကန့်တပ်မတော် MNDAA နဲ့ မဟာမိတ်တွေဟာ ဩဂုတ်လ ၃ ရက်က လားရှိုးမှာရှိတဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနကို အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

ပုံစာ – (မင်းအောင်လှိုင် ရပခကို သွားရောက်ပြီး နယ်မြေလုံခြုံရေးစစ်ဆေးစဉ်)

ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read