Homeပြည်တွင်းသတင်းမြဝတီကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သတ်နေတဲ့ မလေးရှားဒုဝန်ကြီးဟောင်းကို မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးမှုအပေါ် JFM ကြိုဆို

မြဝတီကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သတ်နေတဲ့ မလေးရှားဒုဝန်ကြီးဟောင်းကို မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးမှုအပေါ် JFM ကြိုဆို

၃၁ ဩဂုတ်၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဆိုက်ဘာငွေလိမ်ဗဟိုလုပ်ငန်းတစ်ခုမှာ မလေးရှားနိုင်ငံ ဒုဝန်ကြီး ဟောင်း Datuk Dr Mashitah Ibrahim နဲ့ ခင်ပွန်း Datuk Abdul Shakor bin Abu Bakar တို့ ပါဝင်ပတ်သက်နေမှုကို မလေးရှားရဲတပ်ဖွဲ့နဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးနေတဲ့အတွက် Justice For Myanmar က ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။

Mashita Ibrahimတို့ကို စုံစမ်းစစ်ဆေးမှုတွေဟာ Justice For Myanmar ရဲ့ မေလအစီရင်ခံစာ ထွက်ပေါ်လာပြီးမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းမှာ ဆက်နွယ်နေသူတွေရဲ့ နာမည်စာရင်းကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်။

မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှာ ဒုဝန်ကြီးဟောင်းနဲ့ ခင်ပွန်းတို့ ပါဝင်ပတ်သက် နေတာကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ဒုဝန်ကြီးဟောင်းတို့လင်မယားဆီက ထွက်ဆိုချက်တွေကို ဇူလိုင်လမှာ ရယူထားပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံ ရဲမှူးချုပ် Tan Sri Razarudin Husain က ဩဂုတ်လ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

သက်သေအထောက်အထားတွေကို ရဲတပ်ဖွဲ့က ဆက်ပြီး ရှာဖွေနေတယ်လို့ သူက ဆိုပါတယ်။

Mashita ရဲ့ လုပ်ရပ်တွေကို အရပ်ဘက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ပြီးနောက်မှာ မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) ကလည်း Mashitah Ibrahimအပေါ် အခုတစ်ပတ်မှာ စပြီး စစ်ဆေးနေပြီ ဖြစ်ပါတယ်။ Mashita Ibrahim တို့လင်မယားဟာ 14K ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟောင်း Wan Kuok-koi နဲ့အတူ Dongmei Park လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလုပ်ငန်းမှာ စီးပွားရေးမိတ်ဖက်တွေအဖြစ် ပူးတွဲလုပ်ကိုင်ပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Dongmei Group ကုမ္ပဏီမှာ Abdul Shakor က ဒါရိုက်တာ အဖြစ် ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပြီး ကျားဖြန့်လုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံလိုတဲ့ စီးပွားရေးသမားတွေဆီက ဘဏ္ဍာငွေတွေ ရှာဖွေပေးပါတယ်။

ဒီကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။ Dongmei Park ကို လူကုန်ကူးခံရတဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေကို ရာဇဝတ်လုပ်ငန်းတွေကို အတင်းအကြပ်ခိုင်းစေခံရတာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ ငွေညှစ်ခံရတာတွေ ရှိနေပါတယ်။

ဖမ်းဆီးခံထားရသူတွေထွက်မပြေးနိုင်ဖို့ Dongmei Park ဝန်းအတွင်း ကင်းစောင့်မျှော်စင်တွေ၊ ရိုင်ဖယ်သေနတ်ကိုင် စစ်ယူနီဖောင်းဝတ်အစောင့်အကြပ်တွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ လွတ်မြောက်လာသူဆီက သိရပါတယ်။

ပုံစာ- (JFM အစီရင်ခံစာ မထွက်ပေါ်ခင်က Mashita Ibrahim ကို မလေးရှားအာဏာပိုင်တွေနဲ့ရင်းနီးစွာမြင်ရပုံ)

Photo – Dr. Mashita fb

ဆက်စပ် သတင်းများ

Most read