Homeပြည်တွင်းသတင်းအာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ CDMတွေရဲ့ သဘောထား ထုတ်ပြန်

အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ CDMတွေရဲ့ သဘောထား ထုတ်ပြန်

၂၄ ဩဂုတ်၊၂၀၂၄

အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံက CDMတွေရဲ့ သဘောထားအမှန်ကိုသိဖို့ ဆိုပြီး လွတ်လပ်သော CDM အင်အားစုများ( Independent CDM Alliance) အဖွဲ့က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ ၊ အာဆီယံနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံအများအပြားနဲ့ နိုင်ငံတကာအဖွဲ့အစည်းအစုံက အမြဲစိုးရိမ်ပူပန်ပြီး စိတ်ဝင်တစားစောင့်ကြည့်နေပေမယ့် မြန်မာပြည်သူတွေရဲ့ သဘောထားအစစ်အမှန်ကို တကယ်သိရှိ နားလည်ထားခြင်းမရှိလို့ မိမိတို့မှယူဆတာကြောင့် အခုလိုထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနှင့်အဖွဲ့ကို နိုင်ငံကိုယ်စားပြုအဖြစ် ထိတွေ့ဆက်ဆံနေခြင်းဟာလည်း အကြမ်းဖက်မှုကို ဆက်လက်ကျုးလွန်ဖို့ ထောက်ခံအေးပေးသလိုဖြစ်နေတာကြောင့် ဒီလို နိုင်ငံကိုယ် စားပြုအဖြစ်ထိတွေ့ဆက်ဆံသူအားလုံးကိုလည်း မိမိတို့မှ ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကလက်ခံထားသည့် NUG အစိုးရအဖွဲ့ကို သာ နိုင်ငံကိုယ်စားပြုထိတွေ့ဆက်ဆံရန်၊ NUG နှင့်လက်တွဲ လုပ်ကိုင်နေသည့် မိတ်ဖက် EROs အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေးကာလအတွင်း NUGနဲ့ EROs အဖွဲ့အစည်းတွေရဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းစဉ် တွေအတွက် ထောက်ပံ့မှုတွေလိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်း မည့် နည်းလမ်းများအပါအဝင် အကြမ်းဖက်စစ်တပ်မှ ဦးဆောင်ပြီးကျင်းပမည့် ‘’အတုအယောင် ရွေး ကောက်ပွဲ”မှာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်တာကို နိုင်ငံတကာအနေ နဲ့ သိရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

သုံးနှစ်ကျော်ကာလပတ်လုံး စွဲကိုင်ထားသော မည်သည့်တိုးတက်မှုမှမရှိသည့် အာဆီယံဘုံသဘောတူ ညီ ချက်(၅)ရပ်ကို ပြန်လည်သုံးသပ်ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြံ့ကြံ့ခံကြိုးပမ်းတိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုကောင်းစွာ သိရှိနားလည်ရန်ကြိုးစားကာ ထောက်ခံပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most read