၂၁ ဇွန် ၂၀၂၆
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလေး တိုက်ချီတို ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာပဲ ဆုံးပါးသွားပြီလို့ ခြံအမှတ် ၅၄ နဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။
“ဒီနေ့ ညဦးပိုင်း ၇ နာရီ ကျော်ကျော်မှာပဲ ဆုံးသွားပါပြီ”လို့ ခြံအမှတ် ၅၄ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။
တိုက်ချီတိုဟာ မသေဆုံးမီမှာ မျက်လုံးကောင်းကောင်းမမြင်ရတော့ဘူးလို့ မနှစ်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အရသိရပါတယ်။
တိုက်ချီတိုဟာ သေဆုံးချိန်မှာ အသက် ၁၇ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ် အဲရစ်က ၂၀၁၀ ခုနှစ်လောက်မှာ ခွေးလေးတကောင်ကို မိခင်အတွက် လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီခွေးကလေးကို တိုက်ချီတိုလို့ ဒေါ်အောင်ဆန်းစုကြည်က အမည်ပေးခဲ့တာဖြစ်ပါတယ်။


