Homeပြည်တွင်းသတင်းလာအိုနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်မည်

လာအိုနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်မည်

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး သွန်ဆာဗန် ဖုမ်ဝိဟန်းဟာ မြန်မာနိုင်ငံ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၂ ရက်ကနေ ၁၃ ရက်အထိ မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာနဲ့ လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်း ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုတွေကို ပိုမိုခိုင်မာအောင် ဆွေးနွေးသွားဖို့ ရှိတယ်လို့ သက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

ယခုခရီးစဉ်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက်ရှိလာနေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာ ထရီဆာ လာဇာရိုတို့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သီးခြားလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အခြေခံကာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး