Homeပြည်တွင်းသတင်းစစ်ရေးအရဆုံးရှုံးမှုအချို့ ရှိသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ကျော်ဖြတ်ရန် NUG ယာယီသမ္မတ တိုက်တွန်း

စစ်ရေးအရဆုံးရှုံးမှုအချို့ ရှိသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ကျော်ဖြတ်ရန် NUG ယာယီသမ္မတ တိုက်တွန်း

၅ မေ ၂၀၂၆ | New Day Myanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းတွင် ဒူဝါလရှီးလ က လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ရှေ့ဆက်လမ်းစဉ်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းအတွင်း လက်ရှိတွင် နိုင်ငံရေးစိန်ခေါ်မှုများအပြင် စစ်ရေးအရ နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးရမှုများ ခပ်စိပ်စိပ် ကြုံတွေ့နေရကြောင်းကိုလည်း ဝန်ခံပြောကြားခဲ့ပါတယ်။

တော်လှန်ရေးလုပ်ငန်းစဉ်တွင် အတက်အကျများ ရှိနိုင်ပြီး “ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်” သဘောမျိုး ဖြစ်တတ်ကြောင်း ပြောကြားခဲ့ပြီး အခက်အခဲများကြားတွင် ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် PDF ရဲဘော်များအနေဖြင့် တော်လှန်ရေးသမားများသာမက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် တိုင်းပြုပြည်ပြုသူများအဖြစ် ပါဝင်ကြရမည်ဖြစ်ကြောင်း၊ အသိဉာဏ်ပညာနှင့် စည်းကမ်းကို အလေးထားလိုက်နာရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် PDF ကို တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခုနှင့် တပ်ရင်းပေါင်း ၃၆၀ ကျော်ဖြင့် တစ်ခုတည်းသော ကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် စုစည်းထားကြောင်း သိရပါတယ်။

ယာယီသမ္မတကလည်း NUG အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး