Homeအထူးသတင်းအမေရိကန်-အီရန် ဆွေးနွေးမှု ပြန်စနိုင်ခြေကြောင့် ရေနံဈေး ဆက်လက်ကျဆင်း

အမေရိကန်-အီရန် ဆွေးနွေးမှု ပြန်စနိုင်ခြေကြောင့် ရေနံဈေး ဆက်လက်ကျဆင်း

၁၅ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ခြေရှိလာတာကြောင့် ဒီနေ့ ဧပြီ ၁၅ ရက်နေ့မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ဆက်လက် ကျဆင်းသွားပါတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

ဒီဆွေးနွေးမှုတွေကနေ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာတာကြောင့် အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့မှုတွေ ပြန်လည်စီးဆင်းလာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီနေ့မှာ ဘရန့် ရေနံစိမ်းဈေးဟာ ၀.၅၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စည်ကို ၉၄.၂၇ ဒေါ်လာအထိ ကျဆင်းသွားပါတယ်။ ယခင်နေ့ကလည်း ၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အမေရိကန် WTI ရေနံစိမ်းဈေးကလည်း ယခင်နေ့မှာ ၇.၉ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီးနောက် ဒီနေ့မှာ ထပ်မံပြီး ၁.၁ ရာခိုင်နှုန်း ကျဆင်းကာ တစ်စည်ကို ၉၀.၂၄ ဒေါ်လာ ဖြစ်သွားပါတယ်။

အမေရိကန်၊ အစ္စရေး နဲ့ အီရန် ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေကို နောက်နှစ်ရက်အတွင်း ပါကစ္စတန်မှာ ပြန်လည်စတင်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး