Homeအထူးသတင်းချင်းမိုင်မြို့ဝန်းကျင် နေရာ ၃၀၃ ခုမှာ တောမီးတွေ လောင်ကျွမ်းနေ၊ လေထုညစ်ညမ်းမှု အလွန်ဆိုးရွာနေ

ချင်းမိုင်မြို့ဝန်းကျင် နေရာ ၃၀၃ ခုမှာ တောမီးတွေ လောင်ကျွမ်းနေ၊ လေထုညစ်ညမ်းမှု အလွန်ဆိုးရွာနေ

၃၁ မတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ချင်းမိုင် ပြည်နယ်အတွင်း တောင်တန်းဒေသအများအပြားမှာ တောမီးလောင်မှုတွေ ဖြစ်ပေါ်နေပြီး လေထုညစ်ညမ်းမှုက အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။

မတ်လ ၃၀ ရက်ညပိုင်းကနေ မတ်လ ၃၁ ရက် မနက်အစောပိုင်းအထိ ချင်းမိုင်ပြည်နယ်ရှိ ဒေသအချို့မှာ တောင်တန်းမြင့်ပိုင်းတွေတစ်လျှောက် တောမီးတွေ လောင်ကျွမ်းနေပြီး အဝေးကနေတောင် တောမီးတွေလောင်နေတာမြင်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒွိုင်စကတ် ဒေသခံတစ်ဦးက သူ့အိမ်ကနေလှမ်းကြည့်ရင် တောင်စောင်းတွေတစ်လျှောက် မီးတောက်တွေ ပြန့်နှံ့နေတာကို တိုက်ရိုက်မြင်တွေ့နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လောင်နူရာ ဒေသမှာ မနက် ၁ နာရီခန့်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာလည်း တောမီးကြီးတွေ တောင်တန်းတစ်လျှောက် လောင်ကျွမ်းနေတာကို မြင်တွေ့ရပါတယ်။

တောမီးတွေဟာ အခြားတောင်တန်းဒေသတွေမှာလည်း ဆက်လက် လောင်ကျွမ်းနေပြီး ချင်းမိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာလည်း မီးခိုးအမှုန်တွေကြောင့် လေထုအရည်အလွန်ဆိုးရွားနေပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နေပါတယ်။

Geo-Informatics and Space Technology Development Agency (GISTDA) ရဲ့ အချက်အလက်တွေ အရ မတ်လ ၃၁ ရက် မနက်ပိုင်းအထိ ချင်းမိုင်ပြည်နယ်အတွင်း မီးလောင်နေတဲ့ နေရာ ၃၀၃ နေရာ တွေ့ရှိထားပါတယ်။

အဆိုပါ မီးလောင်နေတဲ့ နေရာတွေကတော့

Samoeng — ၄၂ နေရာ

Mae Taeng — ၄၂ နေရာ

Phrao — ၄၁ နေရာ

Chiang Dao — ၃၅ နေရာ

Mae Wang — ၂၀ နေရာ

Hang Dong — ၁၉ နေရာ

Doi Saket — ၁၈ နေရာ

Hot — ၁၆ နေရာ

Doi Tao — ၁၄ နေရာ

Chai Prakan — ၈ နေရာ

San Kamphaeng — ၈ နေရာ

Chom Thong — ၇ နေရာ

Mae On — ၆ နေရာ

Doi Lo — ၅ နေရာ

Mae Chaem — ၅ နေရာ

Galyani Vadhana — ၃ နေရာ

Omkoi — ၃ နေရာ

Mae Ai — ၃ နေရာ

Wiang Haeng — ၃ နေရာ

Fang — ၃ နေရာ

San Sai — ၂ နေရာ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၃၀ ရက်အထိ စုစုပေါင်းမီးလောင်နေတဲ့ အရေအတွက် ၄,၇၃၅ နေရာရှိခဲ့ပြီး တောမီးပြဿနာဟာ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး