Homeပြည်တွင်းသတင်းရန်ကုန်မြို့ရဲ့ လေထုဟာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်မှာ ရှိနေ

ရန်ကုန်မြို့ရဲ့ လေထုဟာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်မှာ ရှိနေ

၁၇ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ အနီရောင်အဆင့်မှာရှိနေတယ်လို့ Enviromen t , Health and Safety Myanmar-EHS myanmar က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

EHS myanmar ရဲ့ထုတ်ပြန်ချက်အရ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက် မနက် ၈ နာရီခွဲရဲ့ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI))ဟာ အနီရောင်အဆင့် (Unhealthy)မှာ ဆက်လက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

US AQI 155 နှင့် PM2.5 level 61.9 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့အဆင့် ၂၀ကိုရောက်ရှိနေပြီး ယမန်နေ့က အဆင့် ၂၁ ရှိတာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေရှိတယ်လို့လည်းဆိုထားပါတယ်။

အဲ့ဒီမသန့်တဲ့လေကို ရှုရှိုက်မိရင် နှလုံးနဲ့ အဆုတ်ကို ထိခိုက်စေနိုင်ပြီး ရောဂါအခံရှိသူတွေ၊ ကလေးသူငယ်တွေနဲ့ သက်အရွယ်ကြီးသူတွေအတွက် အန္တရာယ်ရှိစေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့ကြောင် ဒီကနေ့ အပြင်ထွက်မယ့် ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ PM2.5 ကာကွယ်နိုင်တံ့ Mask ကို မဖြစ်မနေ တပ်ဆင်သွားလာကြဖို့ နှိုးဆော်ထားပါတယ်။

EHS myanmar က လေထုအရည်အ သွေးနဲ့ပတ်သတ်လို့ သတိထားနိုင်ကြဖို့ ထူးခြားတဲ့ လေထုအရည်အသွေးညွှန်းကိန်းတွေကို ဆက်လက်အသိပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး