Homeပြည်တွင်းသတင်းပုဒ်မ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ‌တွေကို အမှုပိတ်ပေးပြီး ပြစ်ဒဏ်ကျခံနေရသူတွေကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကော်မရှင်ကြေညာ

ပုဒ်မ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ‌တွေကို အမှုပိတ်ပေးပြီး ပြစ်ဒဏ်ကျခံနေရသူတွေကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကော်မရှင်ကြေညာ

၂၆ နိုဝင်ဘာ ၂၀၂၅

ပုဒ်မ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရသူတွေ၊ တရားစွဲဆိုခံထားရလို့ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၅၁၂နဲ့ တရားစွဲဆိုခံရသူတွေကို ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပြီး အမှုကလွှတ်ဖို့အတွက်အမိန့်ထုတ်ပြန်သွားမယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပုဒ်မ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးက အကျဉ်းသူအကျဉ်းသားတွေကို ခံဝန်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး