Homeပြည်တွင်းသတင်းမိုးကုတ်နှင့် မိုးမိတ်မြို့များသို့ TNLA က စစ်ကော်မရှင်တပ်များကို ခေါ်သွင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်

မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ TNLA က စစ်ကော်မရှင်တပ်များကို ခေါ်သွင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်

၂၁ နိုဝင်ဘာ ၂၀၂၅

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို TNLA က စစ်ကော်မရှင်တပ်တွေနဲ့ပူးပေါင်းပြီး ခေါ်သွင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီအပေါ် TNLA နဲ့ PDFအကြားသဘောထားကွဲလွဲပြီး ပြဿနာဖြစ်ပွားလာမှာကို စိုးရိမ်နေတယ်လို့ အမည်မဖော်လိုတဲ့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့ ဝင်ရောက်ဖို့ တအာင်းတပ်တွေ ကို အကူအညီတောင်းခံထားတယ်လို့ ကနဦးသိထားရပြီး ဒီအပေါ်ကို New Day Myanmar အနေနဲ့ အတည်ပြုဆဲဖြစ်ပါတယ်။

“အခုကြားရတာကစစ်တပ်က တအောင်းတပ်ကို ညှိထားကြတယ်ကြားတယ်။ ဒါပေမယ့် အတည်ပြုဖို့ ဘာမှန်းကိုမသိသေးဘူး။ တကယ်သာ အဲ့ဒီလိုဖြစ်လာရင် PDF နဲ့ တအောင်းတပ်အကြားမှာ ပွန်တိုက်မှုတော့ရှိလာနိုင်တယ်လို့”ဆိုပါတယ်။

နိုဝင်ဘာလကုန်မှာ တအာင်းတပ်တွေက မြို့နှစ်မြို့က အပြီးဖယ်ပေးရမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်ကို မြို့အတွင်း တအာင်းတပ်ကိုယ်တိုင် ခေါ်သွင်းမယ်ဆိုတဲ့ အခြေအနေများကိုပါ ကြားသိလာရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံရာမှာ TNLA က စစ်ကော်မရှင်ကို ခေါ်သွင်းလာတဲ့အခါ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် မိတ်ဖက်ဖြစ်တဲ့ TNLA က နှောင့်ယှက်ဟန့်တားတာ မလုပ်ဖို့ ပြောဆိုထားတဲ့အတွက် လက်ရှိအခြေအနေဟာ ရှုပ်ထွေးနေတယ်လို့ သိထားရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး