၁၁ နိုဝင်ဘာ ၂၀၂၅
စစ်ကော်မရှင်ဟာ “တူတူမဲသွားပေးကြစို့” သီချင်းကို နာမည်အဲဒီတေးသီချင်းကြီးအဆိုတော်တွေကိုအသုံးချကာ ဝါဒဖြန့် သီဆိုခိုင်းနေတာကိုတွေ့မြင်လာရပါတယ်။
အဲ့ဒီသီချင်းကို စစ်ကော်မရှင်လက် အောက်ခံ MRTVနဲ့ MWD ရုပ်သံမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး၊ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာလည် ဖြန့်ဝေနေကြတာတွေ့ရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးအတွက် အောင်လ၊ ဝေလ ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက် ၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနဲ့ လိမ္မော်သီး စတဲ့အဆိုတော်တွေနဲ့
“ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးစို့”
ဆိုတာ လက်ကိုင်ဆိာင်းဘုတ်များကိုင်ဆောင်စေကာ သီဆိုခိုင်းနေတာကို တွေ့ရပါတယ်။
အဆိုတော်ကိုင်ဇာ ရေးစပ်ထားတဲ့ “တူတူမဲသွားပေးကြစို့”သီချင်းကိုလည်း မိုးယံဇွန်၊ နန်းဆုရတီစိုး၊ ရတနာမိုင်တို့ သီဆိုကာ ထွန်းကိုကို၊ ယွန်းယွန်းနဲ့ သဥ္ဇာတို့ သရုပ်ဆောင်ထားပြီး စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချယ်နယ်တွေကနေ ထုတ်လွှင့်နေတာပါ။
ဒါအပြင် နောက်ထပ်လည်း ဂီတအနု ပညာရှင်တွေကို ဝါဒဖြန့်သီချင်းရိုက်ကူးရေးမှာ ပါဝင်သီဆိုလာဖို့ ရှိသေးကြောင်း ကြေညာထားပါတယ်။
စစ်ကော်ရှင်ဟာ သူတို့ ပြုလုပ်တဲ့ အတု အယောင်ရွေးကောက်ပွဲမှာ သရုပ်ဆောင်အနုပညာရှင်တွေသာမက အဆိုရှင်တွေကိုပါ အကြပ်ကိုင်ခြိမ်းခြောက် ခိုင်းစေတာမျိုးတွေရှိလာတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။
#စစ်ကော်မရှင်#တူတူမဲသွားပေးကြစို့#နာမည်ကြီးအဆိုတော်#ဝါဒဖြန့်သီဆိုခိုင်း#NewDayMyanmar


