Homeပြည်တွင်းသတင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

၂၈ ဇွန်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က တစ်ကြော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တေလေးတိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အပြီး သတ် သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

တစ်ကြော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းက စစ် ကောင် စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ နောင်ချို မြို့ မှ ခမရ (၁၁၅)တပ်ရင်း၊ မတ္တရာ မြို့နယ်တွင်းရှိ ပန်းသလဲ တောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင် စခန်း၊ (၆၀၆) ဒုံးတပ်ရင်း တွေကို သိမ်းပိုက်ရရှိ ထားပြီး ခမရ (၁၁၄)၊ (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင် တို့ကို အပြီးသတ် သိမ်းပိုက်ရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး မိုးကုတ်မြို့ နဲ့ ကျောက်မဲမြို့တွေမှာလည်း မဟာမိတ်တပ်တွေနဲ့ အတူပူးပေါင်း တိုက်ခိုက် လျက်ရှိပြီး ရန်သူ့ စစ်စခန်း အများစုကို သိမ်းပိုက်ထားနိုင်ကာအောင်ပွဲတွေ ဆက်တိုက် ရရှိလျက်ရှိ တယ်လို့ လည်း ဆိုပါတယ်။

ရှမ်းမြောက် ဒေသနဲ့ မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေတွေအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲ ခရိုင် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပကဖ၊ မိုးကုတ် မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ တို့ ပါဝင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စစ်မျက်နှာတွေမှာတော့ မဟာမိတ် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်လျက်ရှိတယ်လို့ ထုန်ပြန်ထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read