ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်လာသလို ပြည်တွင်းရွှေစျေးလည်း စံချိန်တင်တက်လာတာကြောင့် လက်ရှိအချိန်မှာ အခေါက်ရွှေစျေးဟာ ၁ ကျပ်သားကို ၈၈သိန်းကျပ်အထိ တက်လာနေတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်စျေးနှုန်းဟာ ၁ကျပ်သားသိန်း၆၀ မပြည့်ပေမယ့် ပြင်ပပေါက်စျေးက သိန်း၃၀နီးပါးကွာဟနေတာဖြစ်ပါတယ်။
ယခုကဲ့သို့ စံချိန်တင်စျေးတက်နေမှုက ဒေါ်လာစျေးတက်ခြင်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရွှေစျေးကြောင့်သာဖြစ်တယ်လို့ ရွှေစျေးအကဲခတ်အချို့ကဆိုပါတယ်။
ဒါကြောင့် စစ်ကော်မရှင်လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက ရွှေဆိုင်တွေကို သူတို့ ထုတ်ပေးတဲ့ ရွှေအရောင်းအဝယ်ဘောင်ချာနဲ့ပဲ ရွှေရောင်းဝယ်တာကို ခွင့်ပြုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
လက်ရှိ ရွှေရည်ညွှန်း သတ်မှတ်ဈေးဟာ ၁ ကျပ်သားကို ၅,၉၉၀,၀၀၀ ကျပ်ဖြစ်ပေမယ့် ပြင်ပ ဈေးကွက်မှာ ၁ ကျပ်သား ကျပ် ၈၈ သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။


