Homeအထူးသတင်းတရုတ်ကုန်စည်တွေကို ၁၀၀ရာခိုင်နှုန်း စည်းကြပ်ခွန် အမေရိကန်က သတ်မှတ်

တရုတ်ကုန်စည်တွေကို ၁၀၀ရာခိုင်နှုန်း စည်းကြပ်ခွန် အမေရိကန်က သတ်မှတ်

၁၁ အောက်တိုဘာ ၂၀၂၅

အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ကုန်စည်တွေကို ၁၀၀ရာခိုင်နှုန်း စည်းကြပ်ခွန်သတ်မှတ်တယ်လို့ အမေရိကန်သမ္မတထရမ့်က အောက်တိုဘာလ၁၀ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် တရုတ်ကုန်စည်တွေကို ၁၀၀ရာခိုင်နှုန်း စည်းကြပ်ခွန်သတ်မှတ်ခဲ့တာဟာ လာမယ်နိုဝင်ဘာလ ၁ ရက်မှာ စတင်သက်ဝင်မှာလို့ သိရပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ကို အခုလိုလုပ်ဆောင်လိုက်တာဟာ တရုတ်က လျှပ်စစ်ကား၊စမတ်ဖုန်း၊နည်းပ ညာမြင့် စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာအဓိက သတ္တုတစ်မျိုးဖြစ်တဲ့မြေရှားသတ္တုတင်ပို့မှု ထိန်း ချုပ်ထားတာဖြစ်လို့ တုန့်ပြန်ခဲ့တာလို့ သိရပါတယ်။

အမေရိကန်ဟာ လက်ရှိအချိန်မှာ တရုတ်ကုန်စည်တွေအပေါ် ၃၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံနေပြီး တရုတ်ကတော့ အမေရိကန်ကုန်စည်တွေအပေါ် ၁၀ ရာခိုင်နှုန်းသာ စည်းကြပ်ခွန်ကောက်ခံနေတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး