Homeနိုင်ငံတကာသတင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ ဂါဇာပဋိပက္ခလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ ဂါဇာပဋိပက္ခလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

၂၄ ဇွန်၂၊၂၀၂၄

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ဂါဇာပဋိပက္ခလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အက်ဘ်ဒူလာက The Star သတင်း စာနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဟာ NUGနဲ့အတိုက်အခံအင်အားသုတွေကို ထောက်ခံသူတစ်ဦးဖြစ်ပြီး သူနိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ချိန် ၂၀၂၂ခုနှစ်တုန်းက အမေရိကန်နိုင်ငံကို ရောက်ရှိချိန် NUG ကဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၅မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ်ဆောင် ရွက်မယ့် မလေးရှားနိုင်ငံကိုလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ချည်းကပ်မှုအသစ်တွေ ပြုလုပ်ပြီး မလေးရှားအနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးအရေယူတာမျိုးတွေ လုပ်ဖို့အပြင်သံတမန်နည်းလမ်းကိုသုံးမျိုးကိိုလည်း တပြိုင်တည်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

၂၀၂၃က အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့လည်း လက်တွဲဆောင်ရွက်သင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read