ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ် အ မှတ်(၉)ရပ်ကွက် မြစပါယ်လမ်းမှာစက်တင်ဘာ Wifiကြိုးတတ်ဆင်ပေးသူ ဝန်ထမ်းတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၃ရက်နေ့ မနက်ပိုင်း အချိန်ခန့်. ဖြစ် ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၁၈နှစ်အရွယ် အမျိုးသားတဦးဖြစ်တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
WiFi ကြိုးတွေ တပ်ဆင်နေချိန် ဓါတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်နေကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်) အရေးပေါ်လူနာတင်ယာဥ်နဲ့ ရောက်ရှိခဲ့ပေမယ့်ဓာတ်လိုက်လူနာမှာဆုံပါးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရုပ်အလောင်းကို လူမှုကူညီရေးအသင်း (ရန်ကုန်) နာရေးယာဥ်နဲ့မြောက်ဥက္ကလာပဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


