တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားပွဲတက်ရောက်နေကြတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံနှုတ်ဆက်နေကြတာကို တွေ့ရပြီး အင်ဒိုနီးရှားသမ္မတပရာဘို အပါအဝင် ခေါင်းဆောင်တချို့နဲ့လည်း အလားတူ နှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ ကမ္ဘာခေါင်းဆောင်တွေက သူ့ကို အသိအမှတ်ပြုသယောင်ပုံဖော်နေတာလည်းဖြစ်ပါတယ်။


