Homeပြည်တွင်းသတင်းမိုးကုတ်မြို့ကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချ၊ ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာရ နေအိမ်...

မိုးကုတ်မြို့ကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချ၊ ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာရ နေအိမ် ၅လုံး ပျက်စီး

၂၆ ဩဂုတ် ၂၀၂၅

မိုးကုတ်မြို့ကို စစ်ကော်မရှင်က လေ ကြောင်းကနေ ပေါင် ၂၅၀ ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၅ရက် ည ၁၀နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွာတာမျိုးမရှိဘဲ မိုးကုတ်မြို့နယ်၊ တပ်မဟာ ၄ နယ်မြေ၊ စည်ပင်သာယာရပ်ကွက်အတွင်းကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း မိုးကုတ်မြို့နယ်ကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းအသုံးပြုပြီး ၂ ရက်နေ့မှာ တကြိမ်၊ ၁၀ရက်နေ့မှာ တကြိမ်၊ ၁၄ ရက်နေ့မှာ တကြိမ်၊ ၁၇ ရက်နေ့တွင် တကြိမ်နဲ့ ၁၈ရက်နေ့မှာ တကြိမ် စုစုပေါင်း ၅ကြိမ် ဗုံး ၁၁လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ (TNLA) ကဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း သာမဏေ ၂ ပါး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦးသေဆုံးပြီး သာမဏေ ၁ ပါး၊ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၄ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူလူထုနေအိမ် ၃၃ လုံး၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ကား ၃ စီးနဲ့ ဆိုင်ကယ် ၃စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်တာ‌တွေကို

ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ – TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး