Homeပြည်တွင်းသတင်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပထမပိုင်းအနေနဲ့ မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မယ်လို့ဆို

စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပထမပိုင်းအနေနဲ့ မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မယ်လို့ဆို

၂၀ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ်၁၀၂ မြို့နယ်မှာ ပြုလုပ်မယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက်မှာပြုလုပ်မယ့် စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို

ကချင်ပြည်နယ်မှာ ၆ မြို့နယ်၊ ကယား(ကရင်နီ)ပြည်နယ်မှာ ၂ မြို့နယ်၊ ကရင်ပြည်နယ်မှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းမှာ ၄ မြို့နယ်၊ ပဲခူတိုင်းမှာ ၈ မြို့နယ်၊ မကွေးတိုင်းမှာ ၉ မြို့နယ်၊ မန္တလေးတိုင်းမှာ ၈ မြို့နယ်၊ မွန်ပြည်နယ်မှာ ၅ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၃ မြို့နယ်၊ ရန်ကုန်တိုင်းမှာ ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းမှာ ၈ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်တို့မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ၂၈ ရက်မှာ စတင်ပြုလုပ် မှာဖြစ်ပြီး နောက်ပိုင်းပြုလုပ်မယ့် ရက်တွေကို ထုတ်ပြန်သွားမယ်လို့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

စစ်ကော်မရှင်ဟာ သူတို့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားတာတွေ ရှိပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၃၃၀ မှာ သူတို့တို့ ထိန်းချုပ်ထားတဲ့ ၁၀၂ မြို့နယ်မှာပဲ ကနဦးပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Photo – CINCDS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး