စစ်ကော်မရှင်ရဲ့ စစ်ကြောရေးမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်ဖို့လုပ်ဆောင်နေပြီး တိုး တက်မှုရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား -IIMM က သတင်းထုတ်ပြန်ကြေညာပါတယ်။
စစ်ကြောရေးစခန်းတွေမှာစနစ်တကျညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ အထောက်အထားတွေကို ရှာ ဖွေတွေ့ရှိထားတာဖြစ်ပြီး ထိန်းသိမ်းစစ် ကြောတဲ့နေရာတွေကို ကြီးကြပ်တဲ့တပ် မှူးတွေအပါအဝင် ကျူးလွန်သူတွေကိုဖော်ထုတ်ရာမှာ တိုးတက်မှုတွေရှိနေပြီလို့ IIMM ယန္တရားရဲ့အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဆိုထားတာပါ။
ဒါအပြင် သက်ဆိုင်ရာထိန်းသိမ်းစစ် ကြောရေးနေရာတွေမှာတာဝန်ထမ်းဆောင်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖွဲ့တွေကို ရှာဖွေဖော်ထုတ်ရာမှာ တိုး တက်မှုတွေရှိနေကြောင်း၊ ဖမ်းဆီးရမိထားတဲ့ ရန်သူ့ဘက်က တိုက်ခိုက်သူတွေနဲ့ သတင်းပေးလို့ စွပ်စွဲခံရတဲ့ အရပ်သားတွေကို အကျဥ်းချုံးတရားစီရင်ပြီး ကွပ် မျက်ရာမှာ ပါဝင်သူတွေကိုဖော်ထုတ်နိုင်ဖို့ အထောက်အထားတွေကိုလည်း စု ဆောင်းနေကြောင်း၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ၎င်းတို့နဲ့ဆက်စပ်တဲ့ ပြည် သူ့စစ်၊ စစ်တပ်ကို ဆန့်ကျင်တဲ့လက်နက် ကိုင်တပ်ဖွဲ့တွေကလည်း အကျဥ်းချုံးစီရင်ကွပ်မျက်တာတွေကို ကျူးလွန်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင် စစ်ကြောရေးစခန်းတွေမှာ လျှပ်စစ်နဲ့ ရှော့တိုက်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာလိင်အင်္ဂါကို မီးရှို့တာတွေအပါ အဝင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ် စက်တဲ့ သက်သေတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
IIMM ရဲ့အစီရင်ခံစာမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားအတွင်း ဆောင်ရွက်ချက်တွေကိုတင်ပြထားပြီး မြန်မာနိုင်ငံက ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေမှာ ဖော်ပြပါကိစ္စရပ်တွေကို ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ၂၀၁၆-၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာလုံ ခြုံရေးအဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေကိုကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း၊ အထူးသဖြင့် လူတစ်ဦးချင်းရဲ့ လုပ် ဆောင်ချက်နဲ့ ရာဇဝတ်မှုကိုချိတ်ဆက်နိုင်တဲ့ အထောက်အထားတွေကိုစိစစ်နေတယ်လို့ သိရပါတယ်။
အစီရင်ခံစာတွေ့ရှိချက်တွေဟာ မျက် မြင်သက်သေပေါင်း ၆၀၀ ကျော်ရဲ့ထွက်ဆိုချက်အပါအဝင်၊ ရင်းမြစ်ပေါင်း ၁၃၀၀ ကျော်ဆီကနေစုဆောင်းရရှိတ်အချက်အလက်တွေ အခြားအထောက်ထားတွေဖြစ်တဲ့ဓာတ် ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ ၊ ဂြိုဟ်တုပုံရိပ်၊ ဆိုရှယ်မီဒီယာပို့စ်နဲ့ မှုခင်းဆေးပညာအထောက်အထားတွေကို အခြေခံထားတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆက်လက်ကျူးလွန်လျက်ရှိနေသော်လည်း ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ ယန္တရားရဲ့စုံစမ်းစစ်ဆေးရေးတွေဆက်လက်လုပ် ဆောင်ဖို့ လိုအပ်တဲ့ရင်းမြစ်များရရှိရေးကို ကြီးမားစွာသက်ရောက်နေကြောင်း၊ ဒါ့ကြောင့် ယန္တရားဟာ လုပ်ငန်းတွေကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။


