Homeအထူးသတင်းပိုလန်နိုင်ငံရဲ့ ဒေသအချို့ကို ရုရှား က အသေခံဒရုန်းတွေနဲ့တိုက်ခိုက်

ပိုလန်နိုင်ငံရဲ့ ဒေသအချို့ကို ရုရှား က အသေခံဒရုန်းတွေနဲ့တိုက်ခိုက်

၁၀ စက်တင်ဘာ ၊ ၂၀၂၅

ပိုလန်နိုင်ငံရဲ့ ဒေသအချို့ကို စက်တင်ဘာလ ၉ ရက်ညနဲ့ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ရုရှားက အသေခံဒရုန်း တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။

လေကြောင်းစောင့်ကြည့်တဲ့ Flightrador24 မှာ ရုရှားနိုင်ငံက ဒရုန်းတွေ တက်လာတဲ့ ဖော်ပြချက် တွေဖော်ပြထားသလို ဆိုရှယ်မီဒီယာအသုံးပြုသးတွေရဲ့ဖော်ပြချက်အရ ပိုလန်နိုင်ငံရဲ့ ဒေသအချို့မှာ အသေခံဒရုန်းတွေ ကျရောက်ပေါက်ကွဲတယ်လို့လည်း ဆိုပါတယ်။

နယ်သာလန်နိုင်ငံကလည်း ပိုလန်ကို ကူညီဖို့ ဆီဖြည့်လေယာဉ်နဲ့ အီတလီရဲ့ Airborne Warning a nd Control System လို့ခေါ်တဲ့ ရေဒါလေယာဉ် တွေ ပျံတက်စေခဲ့တယ်လို့ ဖော်ပြပါတယ်။

ယူကရိန်းကို မဟာမိတ်နိုင်ငံတွေက စစ်ရေးအကူအညီတွေ ပို့ဆောင်ရာ ပိုလန်ရဲ့ Rzeszów မြို့မှာရှိတဲ့ လေဆိပ် ကို ရုရှားက ပစ်မှတ်ထားခဲ့ပုံရတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ခန့်မှန်းထားပြီး ဒရုန်းတွေ ဝင်ရောက် လာမှုကြောင့် အဲဒီလေဆိပ်ကို လုံခြုံရေးတိုးမြှင့်ကာ အခြားခရီးစဉ်တွေ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး Nato အဖွဲ့ဝင်တွေ အရေးပေါ် အစည်းအဝေးခေါ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြမှုအရ သိရပါတယ်။

Related News

Most Read