Homeပြည်တွင်းသတင်းမသန်စွမ်းသမီးအရင်းကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ဖခင်ကို ဖမ်းဆီး

မသန်စွမ်းသမီးအရင်းကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ဖခင်ကို ဖမ်းဆီး

၁၀ စက်တင်ဘာ ၂၀၂၅

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီးအ ရင်းကို အဓမ္မပြုကျင့်ခဲ့ပြီးကိုယ်ဝန်ဖျက်ချခိုင်းခဲ့တဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာ ဖမ်းဆီးရမိထား​ပြီးဖခင်​ဖြစ်သူနဲ့ရတဲ့ကိုယ်ဝန်နှစ်ကြိမ် ဖျက်ချခဲ့ရပြီး၊ဖြစ်စဥ်ပြောပြပါက မိသားစုဝင်အားလုံးကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တာကြောင့် မတိုင်ကြားခဲ့ရဘူးလို့ ရဲစခန်းမှာထွက်ဆိုထားတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

ကျူးလွန်ခံရသူဟာ အသက် ၂၆ နှစ်အရွယ် မသန် စွမ်းအမျိုးသမီးဖြစ်ပြီး ဖခင်ဖြစ်သူကသတ်ပစ်မယ်ဆိုတာကြောင့် မိခင်အပါအဝင် ဆွေမျိုးတွေက မတိုင်ကြားခဲ့ပဲနေခဲ့တာလို့ သိရပါတယ်။

ဖခင်က ဒုတိယအကြိမ် ထပ်မံအဓမ္မပြုကျင့်ခဲ့တဲ့ ကိုယ်ဝန်ကို ဖျက်ချခိုင်းကာ သမီးဖြစ်သူရဲ့ ဝမ်းဗိုက်ကို တက်နင်းကာ ကန်ခဲ့ရကနေ သွေးဆင်းရာကနေ တိုင်ကြားခဲ့တာလို့ သိရပါတယ်

မြို့ခံလူမှုကူညီရေးအသင်းက သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူကို အခြားအိမ်တစ်အိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဖခင်ကို မအူပင်ရဲစခန်းမှာအမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read