Homeပြည်တွင်းသတင်းထိုင်းမှာ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို မြန်မာအမျိုးသား တဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား

ထိုင်းမှာ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို မြန်မာအမျိုးသား တဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်မှာ အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တဦးကို ဖခင်နဲ့ သိကျွမ်းတဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသားတဦးက ဖြားယောင်းခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က အဆိုပါ မိန်းကလေးငယ်ဟာ နေအိမ်အနီးက ဈေးဆိုင်ကို သွားစဉ်မှာ သူ့ရဲ့ ဖခင်နဲ့ သိကျွမ်းတဲ့ အမျိုးသားက ဖြားယောင်းကာ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

မိန်းကလေးရဲ့ မိဘတွေက သမီးဖြစ်သူပြန်မလာတာကြောင့် လိုက်လံရှာဖွေရာမှာ ဇွန်လ ၂၇ ရက်မှာ ကျူးလွန်သူအမျိုးသားရဲ့ မိတ်ဆွေ ထံကနေ မိန်းကလေးကိုခေါ်ဆောင်သွားတဲ့ နေရာကို သိရှိပြီး ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူကတော့ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်လျက်ရှိတဲ့ MHAC အဖွဲ့ကနေ သိရပါတယ်။

MHAC အဖွဲ့က ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိတဲ့ အပြင် နစ်နာသူအတွက် စစ်မှန်တဲ့ တရားမျှတမှုရရှိရေးအတွက်လည်း အမှုလိုက်ပါကူညီနေတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – Ye Min Facebook

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး