၂၅ ဇွန် ၊၂၀၂၅
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားမယ်လို့ ဒီကနေ ဇွန် ၂၅ ရက်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်အခမ်းအနား ဖွင့်ပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
သူက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမှာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောတဲ့အပြင် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ဒုတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီ တတိယပတ် အတွင်း ကျင်းပနိုင်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ကျင်းပမယ့်ရက်ကိုလည်း ပြန်ချိန်နေတယ်လို့ ပြောခဲ့တာကြောင့် ဘယ်နေ့ဘယ်ရက်ဆိုတာကိုအတိ အကျပြောဆိုထဲ့ခြင်း ယခုအချိန်အထိမရှိသေးပါဘူး။
စစ်ကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေး ကောက်ပွဲကို လFPTP စနစ်နဲ့ PR စနစ်ကိုပါ တွဲပြီးအသုံးပြုသွားမှာဖြစ်ပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။
၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ်အမည်နဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့ ဇွန်၂၅ ရက်ကနေ ၂၇ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး စစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။


