Homeပြည်တွင်းသတင်းဝက်လက်မြို့နယ်မှာ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဂိတ်တစ်ခုက အခွန်ကောက်ယူမှု များတဲ့အပေါ် ဒေသခံတွေ ဆန္ဒပြ

ဝက်လက်မြို့နယ်မှာ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဂိတ်တစ်ခုက အခွန်ကောက်ယူမှု များတဲ့အပေါ် ဒေသခံတွေ ဆန္ဒပြ

၁၃ ဇွန် ၊၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှာ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ရဲ့ ဂိတ်တစ်ခုကနေ အခွန်ကောက်ယူတဲ့ ငွေပမာဏများလွန်းတာကြောင့် ပြည်သူတွေ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

အဆိုပါဂိတ်က စက်သုံးဆီသည်တဲ့ ကားတွေဆိုရင် ဆီ တစ် ပေပါကို ကျပ် ၁၅၀၀၀ ကောက်ခံတာကြောင့် ပီပါ ဆယ်ချီ သယ်လာတဲ့ ကားတွေဆိုရင် အနည်းဆုံး ငွေကျပ် တစ်သိန်းခွဲအထိ ပေးဆောင်နေရတာကြောင့် လျှော့ ကောက်ဖို့ ပြည်သူတွေက တောင်းဆိုနေတယ်လို့လည်း BBC သတင်း မှာဖော်ပြမှုအရ သိရပါတယ်။

ဒေသခံတွေက ဇွန် ၁၁ ရက်ကနေ ဒီနေ့ ဇွန် ၁၃ ရက်အထိ ဝက်လက်- ရှိန်းမကားလမ်း၊ ဝက်လက်-ပေါက်ကံ လမ်း တွေမှာ ကားအစီးရေ ရာနဲ့ချီပြီး ပိတ်ဆို့ ဆန္ဒပြနေတာ ဖြစ်တယ်လို့ပါတယ်။

ဓာတ်ပုံ – BBc

ဆက်စပ် သတင်းများ

Most read