Homeနိုင်ငံတကာသတင်းအစ္စရေးက အီရန်ကို စတင်တိုက်ခိုက်

အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်

၁၃ ဇွန် ၊၂၀၂၅

အစ္စရေးက ဇွန် ၁၃ ရက် ဒီကနေ့ မနက်စောစောပိုင်းမှာ အီရန်နိုင်ငံရှိ နေရာတော်တော်များများကို “Rising Lion” စစ်ဆင်ရေးအမည်နဲ့ စတင် တိုက်ခိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့တိုက်ခိုက်ခံရတဲ့ အထဲမှာ နက်တန့် Natanz လိုသိကြတဲ့ နျူကလီယား အဆောက်အအုံ တွေ၊ တိုက်ချင်းပစ် ဒုံးကျည်စက်ရုံတွေ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေ နဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီး အီရန် ဘက်ကနေ ဒုံးကျည်တွေ ဒရုန်းတွေနှင့်ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – News Agencies

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး