မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်ဗိုလ်ချုပ်တွေ အပါအဝင် လူပုဂ္ဂိုလ် ၁၀၆ ဦး နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့မှု ၂၀၂၆ ခုနှစ် ဧပြီလ အထိ ထပ်မံသက်တမ်းတိုးကြောင်း EU ဥရောပသမဂ္ဂ က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နဲ့ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် EU က အရေးယူပိတ်ဆို့မှု တွေကို နှစ်စဉ်သက်တမ်းတိုးလာခဲ့တာဖြစ်ပြီး အခုလည်း တစ်နှစ်ထပ်မံ သက်တမ်း တိုးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
EU က အရေးယူထားတဲ့သူတွေထဲမှာ စစ်ခေါင်းဆောင်ကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီး တွေ၊ တရားရေးအဖွဲ့ဝင်တွေနဲ့ ကြည်း၊ရေ၊လေ စစ်ဗိုလ်ချုပ်တွေ ၊ စစ်တပ်ထောက်ခံတဲ့ စီးပွားရေးသမား တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
စီပွားရေးပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း ၂၂ ခုထဲမှာ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင် နဲ့ စစ်တပ်ထိန်း ချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ် ကြည်း ရေ လေတပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ပိတ်ဆို့အရေးယူမှုတွေထဲမှာ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခြင်း၊ ကုန်သွယ် စီးပွားခွင့် ပိတ်ပင်ခြင်း၊ လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် ဗီဇာပိတ်ပင်တာ၊ ငွေကြေးဆိုင်ရာ ပိတ်ပင်တာ တွေ ပါဝင်ကြောင်းနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တာဝန်ယူမှု တာဝန်ခံမှု နဲ့ ငြိမ်းချမ်းတဲ့အနာဂတ် တည် ဆောက်ရေး အတွက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေအပေါ် EU က ဆက်လက်ပံ့ပိုးကူညီဖို့ ကတိက ဝတ်ပြုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။