စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံခြင်းမလုပ်ဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ကို Justice For Myanmar က ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ ဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကို အရေးယူတာဝန်ခံစေဖို့ လုပ်ဆောင်ရမယ့်အစား တွေ့ဆုံခဲ့တဲ့အပေါ် Justice For Myanmar က ထောက်ပြပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ နိုင်ငံအတွင်းကြုံတွေ့နေရဲတဲ့ ငလျင်ဘေးအကူအညီတွေကို လက်နက် သဖွယ်အသုံးပြုနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေကာ အစုလိုက် အပြုံလိုက်သတ် ဖြတ်မှုတွေ ကျူးလွန်နေသူ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ရာဇဝတ်ကောင်နဲ့ ထိတွေ့ဆက်ဆံခြင်းမှာ အဆိုပါဆိုးရွားရက်စက်မှုတွေကို ကျူးလွန်နေခြင်း သာဖြစ် ကြောင်းနဲ့ ဒီလိုတွေ့ဆုံမှုဟာ မလေးရှားနိုင်ငံအနေနဲ့ ရာဇဝတ်မှုကြီးတွေကို အားပေးကူညီနေတာ ဖြစ်တယ်လို့ လည်း ပြောဆိုထားပါတယ်။
ဒါကြောင့် မလေးရှားနဲ့ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ပေး ဖို့ကိုလည်း Justice For Myanmar ကတောင်းဆိုထားပါတယ်။