ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်တွေအတွက် စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၂၁ ရက် ဒီနေ့ ထုတ်ပြန်လာပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး နဲ့ တရားမျှတမှု ရရှိရေး ဦးတည်ချက်ကို ခိုင်ခိုင်မာမာ လက်ကိုင်ထားပြီး စစ်အုပ်စု ကျူးလွန်မှုတွေကို အရေးယူရေး ဆောင်ရွက် သွား မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို စစ်တပ်က ဧပြီလ ၁၉ ရက်နေ့က လေကြောင်း နဲ့ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ် နဲ့ ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ နဲ့ ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။
လက်ရှိမြေပြင်သတင်း အချက်အလက်တွေအရ အဆိုပါ လေကြောင်းတိုက်ခိုက်အမှုတွေကြောင့် အရပ်သားသေးဆုံးသူ (၄၀) ဝန်းကျင်ပထိရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – CJ