Homeပြည်တွင်းသတင်းSky Villa ကွန်ဒိုအောက်မှာ ထုတ်မယူနိုင်သေးတဲ့ အလောင်း ၃၀၀ ခန့်ရှိနေနိုင်

Sky Villa ကွန်ဒိုအောက်မှာ ထုတ်မယူနိုင်သေးတဲ့ အလောင်း ၃၀၀ ခန့်ရှိနေနိုင်

ဧပြီ၊၂၀၂၅

မတ်လ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့မန္တလေး Sky Villa ကွန်ဒိုအောက်မှာ ထုတ်မယူနိုင်သေးတဲ့ အလောင်းမှာ ၃၀၀ ခန့်ရှိနေနိုင်သေးတယ်လို့ ဧပြီလ ၈ ရက်က ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတဦးက သုံးသပ်ပြောပါတယ်။

“ပြိုကျတဲ့အဆောက်အဦက ထုထည်ကြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေ အန္တရာယ်မဖြစ်အောင် သတိထားလုပ်နေရတယ်။ ပြိုသွားတဲ့အောက်မှာ ပိတ်မိပြီး သေတဲ့သူအရေအတွက် ၃၀၀ကျော်လောက်ရှိဦးမယ်ထင်တယ်။”လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တဦးက ပြောပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့တဖွဲ့က စက်နဲ့သုံးပြီး စစ်ဆေးချက်အရ ပြိုကျနေတဲ့အဆောက်အဦးအောက်မှာ အလောင်း ၂၀၀ ခန့်ရှိနိုင်သေးတယ်လို့တွက်ချက်ထားတယ်လို့လည်း သိရပါတယ်။

Sky Villa ကွန်ဒိုပြိုကျမှုဖြစ်စဥ်ကို မီးသတ်တပ်ဖွဲ့အပါအဝင် ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့တွေဟာတရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လာခဲ့ကြတာဟာ အခုဆိုရင် ၁၂ ရက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

Most read