Homeပြည်တွင်းသတင်းရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်အတွက် သီးသန့်မစ်ရှင်တစ်ခု ကုလအတွင်းရေးမှူးချုပ်တောင်းဆို

ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်အတွက် သီးသန့်မစ်ရှင်တစ်ခု ကုလအတွင်းရေးမှူးချုပ်တောင်းဆို

၁၄ မတ်၊ ၂၀၂၅

ပြင်းထန်တဲ့ ရန်ပုံငွေပြတ်လပ်မှု ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လည်ပတ်နေတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (INGO) တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော်အတွက် တည်ငြိမ််ပြီး ဂုဏ်သိက္ခာကို အာမခံပေးနိုင်တဲ့ သီးသန့်မစ်ရှင်တစ်ခု ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြင်းထန်တဲ့ ရန်ပုံငွေပြတ်လပ်မှုဖြစ်နေတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ အစားအစာ၊ အာဟာရ၊ သန့်ရှင်းရေး ၊ကျန်းမာရေး၊ နေစရာနဲ့ အသက်ရှင်သန်ရေးတို့အတွက် စီးပွားရေးအရကော လူမှုရေးအရာပါ တင်းမာပြီး အခြေအနေ ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ NGOတွေဖြစ်ကြတဲ့ ACF, ActionAid, Cordaid, Concern Worldwide, DRC, Handicap International, International Rescue Committee, Islamic Relief, Oxfam, Plan International, Save the Children နဲ့ World Vision တို့ကို အခြေအနေပိုမဆိုးလာခင်ပံ့ပိုးကူညီပေးဖို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။ ရိုဟင်ဂျာပြဿနာမှာ ကမ္ဘာ့အကြီးမားဆုံးအကြပ်အတည်းတွေက တစ်ခုဖြစ်တယ်လို့လည်း ဂူတာရက်စ်က ပြောဆိုလိုက်ပါတယ်။

ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ်လ ၁၃ ရက်ကစပြီး လေးရက်ကြာလာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

ပုံစာ – မတ်လ ၁၃ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မိုဟာမက်ယူနွတ်နဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ တွေ့ဆုံနှုတ်ဆက်စဉ်

ဓာတ်ပုံ – UN

ဆက်စပ် သတင်းများ

Most read